16 November 2009

♥ Dino娶老婆哭崩婚禮


ကရင်ဝတ်စုံနဲ့ သတို့သားက ဆိုလာ အမွှာညီအကိုထဲက ညီဖြစ်သူပါ။ အီတလီဖခင်နဲ့ မြန်မာမိခင်က မွေးထားတဲ့ Dino က သူ့ မင်္ဂလာပွဲမှာ ကရင်ဝတ်စုံကို ရွေးဝတ်ခဲ့ပါတယ်။ အီတလီမှာ ပျားရည် ဆမ်းပြီး ၂ နှစ်အတွင်း ဘေဘီလေးတွေ ညှစ်ထုတ်ပြမယ် ဆိုပါတယ်။
--
【明報專訊】Soler成員Dino昨日與拍拖兩年的女友黃麗施(Nancy)拉埋天窗,平日予人硬朗感覺的Dino數度落下男兒淚。由於太太是中國人,意大利人Dino亦跟足中國傳統婚禮程序,帶齊兄弟團及家人唐狗到女家接新娘。接新娘遊戲不乏核突環節,包括模仿唐狗動作,Dino在大唱情歌環節上已率先流下開心淚。

由於Dino的母親是緬甸人,他遂換上緬甸傳統新郎服飾,Nancy則穿著中式裙褂。下午3時,一對新人移師到數碼姬子皇朝舉行結婚典禮,兩人在婚書上簽字一刻感動得再次落淚;而Dino的孖生哥哥Julio亦感動到流淚,反而新奶奶卻非常冷靜,她更取笑Julio:「我沒有哭,反而你哭!」
Dino娶老婆哭崩婚禮

13 November 2009

♥ Penang Trip (2)

訂房 Booking

ပြီးခဲ့တဲ့ပို့စ်မှာ ပီနန်သွားမယ့် စာဖတ်သူတစ်ယောက်က ဟိုတယ် ဘွတ်ကင်လုပ်လို့ မရကြောင်း ရေးသွားတယ်၊ ကျနော် စမ်းကြည့်တော့ ရပါတယ်၊ ကျနော့်တုန်းကလည်း အင်တာနက်ပေါ်ကပဲ ဘွတ် လုပ်ခဲ့တာပါ။ အခု ၂၀၁၀ ဇန္နဝါရီ အတွက် ၂ ယောက်အိပ်ခန်း ၃ ညစာ ဘွတ်လုပ်ကြည့်တော့ အခွန်ပြီး 151.32 ရင်းဂစ် ကျပါတယ်၊ 2.40 နဲ့ စားတော့ စင်္ကာပူဒေါ်လာ 63 နီးပါးကျပါတယ်၊ တစ်ညကို လူတစ်ယောက်အတွက် စင်္ကာပူဒေါ်လာ 10.50 ကျသင့်တဲ့ သဘောပါပဲ၊ တန်ပါတယ်။


ဒါပေမဲ့ အဲဒီဈေးနှုန်းထဲမှာ အောက်က အပိုရွေးချယ်စရာ တစ်ခုမှ မပါသေးပါဘူး။

ဘာလိုလိုနဲ့ ကျွန်းဟိုတယ်အတွက် ကြော်ငြာပေးသလို ဖြစ်နေပြီ၊ ခရီးအကြောင်း ဆက်ပါမယ်။

Gurney Drive ကို သွားရခြင်းအကြောင်းကတော့ အဲဒီက hawker center မှာ အဝတီးဖို့ပါ။ Gurney Plaza ကိုတော့ စင်္ကာပူက သွားတဲ့လူ အနေနဲ့ အချိန်ကုန်ခံပြီး ပတ်မနေတော့ပါဘူး၊ ဝယ်စရာ မရှိဘူး၊ ဝင်းဒိုးရှော့ပင်းဖို့လည်း ဝါသနာ သိပ်မပါလှဘူး။ စားမယ်၊ စားမယ်၊ စားမယ် ဆိုတာလောက်ပဲ ခေါင်းထဲမှာရှိတယ်။ အချိန်ပိုနေရင် တမျိုးပေါ့၊ ပလာဇာထဲ ဝင်ပတ်နိုင်တယ်၊ ဒါမှမဟုတ် ကမ်းခြေမှာ မလှမပ ရှုခင်းလေးကို ငေးနိုင်တယ်၊ ကမ်းခြေကို သေချာ ထိန်းသိမ်းပုံ မရဘူး၊ အမှိုက်တွေနဲ့ ညစ်တီးညစ်ပတ်ကြီးလို့ ခံစားရတယ်။


公車 Bus

ဘတ်စ်ကား စီးရတာက အတော်လေး ကြာတယ်ဗျ၊ ထင်ထားတာထက် တော်တော့်ကိုကြာတယ်။ ဘတ်စ်ကားပေါ်မှာ ရန်ဖြစ်တာ ကြုံလိုက်သေးတယ်၊ ည ၈ နာရီကျော်ကျော် ဆိုပေမယ့် အဲဒီအချိန်မှ ရုံးဆင်းကြလို့လား မပြောတတ်ဘူး၊ လူတော်တော် ကြပ်တယ်၊ မလေးလူမျိုး ဂင်တိုတို ကတုံးပုဂ္ဂိုလ်နဲ့ နှုတ်ခမ်းမွှေး ထူလဗျစ် ဘင်္ဂလားကိုယ်တော်ကြီးနဲ့ နောင်ကျိန် ချမလိုလို ဖြစ်ကြတာ၊ နောက်တော့ မချဖြစ်ကြပဲ အဆင်ပြေသွားကြတယ်၊ ကျနော့်လက်က ကင်မရာနားမှာ အသင့်ပြင်ပြီးသား၊ ချတာနဲ့ ရိုက်ပြီပဲ၊ ဒါပေမဲ့ မရိုက်ဖြစ်လိုက်ဘူး၊ လက်က သက်သာ၊ အေးစေ၊ ခေါင်းကုတ်၊ နားဖာကလော် နဲ့ ပွဲပြီးသွားတယ်။ ဘတ်စ်ကား စီးသာစီးရတယ်၊ ဘယ်မှာ ဆင်းရမှန်း မသိတော့ ဆင်းရမယ့် မှတ်တိုင်ကို ဘေးမှာရပ်နေတဲ့ ကောင်မလေးတစ်ယောက်ကို မေးလိုက်ရသေးတယ်၊ တိုက်ဆိုင်ချင်တော့ သူက အဲဒီနားမှာနေတာ၊ သူဆင်းရင် လိုက်ဆင်းပါ၊ သူလျှောက်သလို လိုက်လျှောက်ပါ လို့ ပြောပါတယ်၊ ဒါနဲ့ပဲ ဟော်ကာစင်တာ ရှိရာကို ချောချောရှူရှူ ရောက်သွားတယ် ဆိုပါတော့။


宵夜 Supper

အဲဒီ ဟော်ကာစင်တာရောက်တော့ ဗိုက်က အတော်ကြီးကို ဆာနေပြီ၊ ကွင်းပြင်က အလင်းရောင် သိပ်မရှိပဲ ခပ်မှောင်မှောင်ပါ၊ အပြင်က ကြည့်လိုက်ရင် ဆင်ခြေဖုံး တနေရာက ညဈေးတန်းလေးနဲ့ ခပ်ဆင်ဆင်ရယ်၊ မြင်မြင်ချင်း နေရာ မှားများ မှားနေလား လို့တောင် ထင်မိတယ်။ အထဲဖက် လျှောက်ဝင်သွားမှ တော်တော်စည်တာ တွေ့ရပါတယ်။ ဆိုင်တွေက ပတ်ပတ်လည်မှာ အပြည့်ပဲ၊ Asam Laksa (ပီနန်ရောက်ရင် မစားမဖြစ်တဲ့ ဒေသစာ)၊ ဟုတ်ကင့်မီ၊ ဝမ်ထန်းမီ၊ အမဲသားခေါက်ဆွဲ၊ ကြက်ဆီထမင်း၊ ချားကွေတျောင် (ဒီ ညှပ်ခေါက်ဆွဲကြော် ကလည်း ပီနန်ရောက်ရင် မစားမဖြစ်ပါ တဲ့)၊ စာတေး အစရှိသဖြင့် စုံပလုံစိ နေတာပါပဲ။ ကြားထဲမှာ အအေးဆိုင်တွေ ကြိုကြား ကြိုကြား တွေ့ရသေးတယ်။ ကျနော်တို့ စားပွဲလွတ်တစ်လုံးမှာ ခြေကုတ်ယူပြီး ပြောက်ကျား စစ်ဆင်ရေး စတင်ပါတယ်၊ ဟိုနားကို ဗြုန်းခနဲ သွားကြည့်လိုက်၊ လက်ထဲမှာ ပန်းကန်လေး ကိုင်ပြီး ဝုန်းခနဲ ပြန်လာလိုက်၊ နှစ်လုပ်လောက် ဝါးလိုက်၊ ပြန်ထသွားလိုက်၊ ပြန်လာလိုက်နဲ့ ရှုပ်နေတာပဲ။ နောက်ဆုံးတော့ စားပွဲက ဒီလိုဖြစ်သွားတယ်။

တွေ့လား ဗယ်ဖက် အောက်ထောင့်က ထမင်းပွဲကို၊ အဲဒါ ကြက်ဆီထမင်းပါ။ စင်္ကာပူမှာ ရိုးအီနေအောင် စားနေရတဲ့ ကြက်ဆီထမင်းကို အဲဒီ ဟော်ကာစင်တာမှာ မှားပြီး မှာမိပါတယ်၊ ကျွန်ုပ်မှာမိ အပြစ်ရှိသည် ဆိုရလောက်အောင် လုံးဝ စားမကောင်းဘူး၊ စိတ်ထဲမှာ ခေါက်ဆွဲတမျိုး ထင်ပြီးတော့ မလေးလို Nasi Ayam တပွဲပေးပါ ဆိုပြီး ခပ်တည်တည် မှာထဲ့လိုက်တာ၊ စားပွဲပေါ် ချလာတော့မှ အသိတရား ပြန်ဝင်လာပြီး မှားသွားမှန်း သိတော့တယ်၊ သို့သော် နောက်ကျသွားပြီ၊ ဗိုက်ထဲကို ဆံ့သလောက် ထည့်ရတော့တာပေါ့၊ ထမင်းတော့ ကုန်အောင် မစားနိုင်လိုက်ပါဘူး။ ညာဖက်က ညှပ်ခေါက်ဆွဲကြော်၊ စတီးပန်းကန်ထဲက အမဲသား ဟင်းရည်နဲ့ ချက်ထားတဲ့ ခေါက်ဆွဲပါ။ အအေးတွေက ၁ ကျပ်ခွဲကနေ ၂ ကျပ်ခွဲ ၃ ကျပ် အထိ ဈေးအမျိုးမျိုး ရှိပါတယ်၊ ဆိုင်းဘုတ်မှာ ဈေးနှုန်းရေးမထားရင် အလှီးခံရဖို့ ရာနှုန်း ၉၀ ရှိပါတယ်၊ နိုင်ငံခြားသားမှန်း သိတာနဲ့ ငါးမူးဖြစ်ဖြစ် ပိုတောင်းတတ်တာ ကိုယ်တွေ့ ကြုံခဲ့ရပါတယ်။ ဂါးနေးဒရိုက်ဗ် နဲ့ ပတ်သက်ပြီး အထူး မှတ်သားစရာ ကတော့ မလောဖို့ပါပဲ၊ အရင်ဆုံး ဝင်းကြီး တပတ်လောက် လျှောက်ကြည့်ပါ၊ ဝင်းကြီး ဆိုတာက ဝင်းသေးသေးတွေ နှစ်ခု သုံးခု ဆက်ထားတဲ့ ဝင်းကြီး တစ်ခုလုံးကို ဆိုလိုပါတယ်၊ ကျနော်က ဝင်းအသေးကို ဒါအကုန်ပဲမှတ်ပြီး အတွင်းဖက်ကို ဆက်မဝင်လိုက်ဘူး၊ စားပြီးသောက်ပြီးတော့ လမ်းထလျှောက်မှ အထဲမှာ ဆိုင်တွေ ရှိသေးတယ်ဆိုတာ သိလိုက်ရတာ။

စာတေးက တစ်ချောင်း ငါးမူးပါ၊ ဆယ်ချောင်း မှာစားပါတယ်။ ပထမနေ့က ဒီလောက်ပါပဲ။
--
ဆက်အုံးမယ်ကွာ ဦးလွန်းသာ

♥ C for Chee (II)

總部設在加拿大的 Amsterdam and Peroff 法律事務所今天發表了一份白皮書,新加坡政府立即發出聲明反駁,雙方對整個故事的主角『徐順全』博士表達的內容相當有參考價值。

這是白皮書完整版:[來源 http://www.robertamsterdam.com]
2009.Nov05.Repression_of_political_freedoms_in_Singapore.CheeSoonJuan.pdf

這是政府官網上的反駁文章完整版:[來源 http://www.gov.sg]
SINGAPORE GOVERNMENT’S RESPONSE TO THE WHITE PAPER BY AMSTERDAM & PEROFF

其它相關的網頁包括:

The Temasek Review
Singapore govt rebukes White Paper’s claims on repression of political freedom

MediaCorp
被指压迫徐顺全 政府反驳加拿大国际律师事务所白皮书

有空再慢慢看了,先在這邊記下來。
--

ဒီကနေ့ ကြဲချလိုက်တဲ့ ဗုံးတစ်လုံးပါ၊ ကနေဒါ အခြေစိုက် ဥပဒေရေးရာ အတိုင်ပင်ခံ ကုမ္ပဏီဖြစ်တဲ့ Amsterdam and Peroff က ထုတ်ပြန်လိုက်တဲ့ white paper က စင်္ကာပူ အစိုးရကို တည့်တည့် မှန်ပါတယ်။ အစိုးရဖက်က မနေပါဘူး၊ ချက်ချင်းပဲ တုံ့ပြန်ပါတယ်၊ အချိန်ရှိရင် ဖတ်ဖို့ ဒီပို့စ်နဲ့ မှတ်ထားလိုက်ပါတယ်။ လူရှည် ရေးတဲ့ အရွက် ၂၀၀၀ ပါ လုံးချင်းဝတ္ထုနဲ့ တွဲဖတ်ရမယ့် သဘောမှာ ရှိပါတယ်။

Say Hi


C-box မှာ မြန်မာစာမမြင်ရရင် ဒီဧရိယာထဲကို copy-paste လုပ်ပါ။